စစ်ကောင်စီရဲ့ ဆိုင်ကယ်စီးမှုကန့်သတ်ချက် အခြေခံပြည်သူတွေကိုထိခိုက်
Описание
စစ်ကောင်စီက ထုတ်ပြန်လိုက်သည့် ဆိုင်ကယ်စီးခွင့် ကန့်သတ်ပိတ်ပင်မှုကြောင့် မြန်မာနိုင်ငံအနှံ့အပြားရှိ အခြေခံပြည်သူများအတွက် အဆင်မပြေမှုများဖြစ်ပေါ်ခဲ့ပြီး ဆိုင်ကယ်ကယ်ရီသမားများအတွက် စားဝတ်နေရေး ထိခိုက်မှုများရှိကြောင်း ဆိုင်ကယ်ကယ်ရီမောင်းသူများက ဆိုသည်။
ရန်ကုန်မြို့အပါအဝင် နိုင်ငံအနှံ့အပြားတွင် ဆိုင်ကယ်စီးနင်းမှုနှင့်ပတ်သတ်ပြီး နိုဝင်ဘာ ၁၅ ရက်နေ့ကစတင်ကာ ဆိုင်ကယ်တစ်စီးကို အမျိုးသား၂ ယောက်မစီးရ၊ အမျိုးသမီးတစ်ဦးနောက်တွင် အမျိုးသားတစ်ဦးမစီးရ စသည့်ကန့်သတ်ချက်များကို မလိုက်နာပါက နိုဝင်ဘာ ၁၈ ရက်နေ့နောက်ပိုင်းကစပြီး ပစ်ခတ်ဖမ်းဆီး မည်ဟု စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။
သတင်းတင်ဆက် - ဟန်သစ်
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)


